အပိုင်း ( ၁ )
ဆေးလိုချင်လျှင် “ဆေးဆိုင်” မှာဝယ်ပါ။
၁။ “ဆေးဆိုင်” ဆိုသည်မှာ ဆေးဘူးတွင်ညွှန်ကြားထားသော၊ သတ်မှတ်ထားသောအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက် ထားခြင်းနှင့် ကာကွယ်ဆေး၊ ဆီးချိုထိုးဆေးတို့အား ရေခဲသေတ္တာ အအေးချိန် ၂ - ၈ ဒီဂရီစင်တီဂရိတ်အတွင်း ထားခြင်းတို့ လိုက်နာသော၊ ဆောင်ရွက်သော ဆေးရောင်းသောဆိုင်ကို “ဆေးဆိုင်” ဟု ခေါ်သည်။
၂။ စျေးဆိုင်ဆိုသည်မှာ ဆေးဘူးတွင်ညွှန်ကြားထားသော အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက် မထားခြင်း၊ ကာကွယ်ဆေး၊ ဆီးချိုထိုးဆေးတို့အား ရေခဲသေတ္တာ အအေးချိန် ၂ - ၈ ဒီဂရီစင်တီဂရိတ်အတွင်း မထားခြင်း၊ မလိုက်နာခြင်းဖြင့် ဆေးရောင်းသောဆိုင်ကို “စျေးဆိုင်” ဟုသာ ခေါ်သင့်သည်။
၃။ သောက်ဆေးအားလုံးနီးပါးသည် အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်သာ ထားရသည်။ မထားပါက ကြာလေလေ ဆေးအာနိသင်လျော့လေလေပါ။
ဒါကြောင့် သောက်ဆေးများအား အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အောက်သာ ထားရပါမည်။ ထိုအပူချိန်ထက်ကျော်လွန်သောနေရာမှာ ပရိုမိုရှင် ( အရောင်းမြှင့်တင်ခြင်း ) မလုပ်ရပါ။ မထားရပါ။ နေရောင်ခြည်တိုက်ရိုက်ထိသောနေရာမှာ မထားရပါ။
ဆေးအာနိသင်အကြောင်း ပိုသိရအောင် တင်ပြရခြင်းဖြစ်ပါသည်။
ကျေးဇူးတင်ပါသည် ခင်ဗျာ။