ဘာကြောင့် “ဆေးဆိုင်” မှာ ဝယ်သင့်တာလဲ?(၂)

    မင်္ဂလာညနေခင်းပါ ခင်ဗျာ။
    အပိုင်း ( ၂ )
    ဘာကြောင့် “ဆေးဆိုင်” မှာ ဝယ်သင့်တာလဲ?
    ဆေးဘူးမှာ သတ်မှတ်ထားသည့်အပူချိန်အတိုင်း ဆေးရောင်းသောဆေးဆိုင်ကို “ဆေးဆိုင်” ဟု ခေါ်ကြောင်း အပိုင်း ( ၁ ) တွင် တင်ပြထားခဲ့သည်။
    ၁။ သတ်မှတ်အပူချိန်အတိုင်း လိုက်နာသောဆေးဆိုင်မှ ဆေးသာ အရည်အသွေးအပြည့်အဝနီးပါးရမည်။ သတ်မှတ် သက်တမ်း ( Expiry Date ) အပြည့်ရမည်။
    ၂။ ဆီးချိုထိုးဆေးများ ဆရာဝန်က သတ်မှတ်ပေးသောပမာဏ ( Unit ) ထိုးရုံနှင့် အဆင်ပြေမည်။ ကာကွယ်ဆေးများ ဆေးအောင်မည်။
    ၃။ စိတ်ချရသောဆေးဖြစ်၍ ရောဂါအမြန်သက်သာပျောက်ကင်းမည်။ အသက်ရှည်မည်။
    ဘာကြောင့် “စျေးဆိုင်” မှာ မဝယ်သင့်တာလဲ?
    ဆေးဘူးမှာ သတ်မှတ်ထားသည့်အပူချိန်အတိုင်း မလိုက်နာဘဲ ဆေးရောင်းသောဆေးဆိုင်ကို “စျေးဆိုင်” ဟု ခေါ်သင့်ကြောင်း အပိုင်း ( ၁ ) တွင် တင်ပြထားခဲ့သည်။
    ၁။ သတ်မှတ်အပူချိန်အတိုင်း မလိုက်နာသောဆေးဆိုင် ( စျေးဆိုင် ) မှ ဆေးသည် အရည်အသွေးလျော့မည်။ သတ်မှတ် သက်တမ်း ( Expiry Date ) အပြည့်မရနိုင်ပါ။
    ၂။ ဆီးချိုထိုးဆေးများ ဆရာဝန်က သတ်မှတ်ပေးသောပမာဏ ( Unit ) နှင့် အဆင်မပြေ၍ ပမာဏထပ်တိုးတိုးကာ ထိုးရနိုင်သည်။ ကာကွယ်ဆေးများထိုးပေမဲ့ ဆေးမအောင်ပါ။
    ၃။ စိတ်မချရသောဆေး၊ အရည်အသွေးလျော့သောဆေးဖြစ်၍ ရောဂါမသက်သာပါ။ ရောဂါမပျောက်ပါ။ တခြားဘေးထွက်ဆိုးကျိုးများဖြစ်လာနိုင်သည်။
    “ဆေး” ဝယ်ပါ။ “စျေး” မဝယ်ပါနှင့်။
    အိမ်သုံးဆေးဝါးများအကြောင်း ပိုသိရအောင်၊ ပိုနားလည်အောင်၊ အယူအဆမမှားအောင် တင်ပြခြင်းဖြစ်ပါသည်။
    ကျေးဇူးတင်ပါသည် ခင်ဗျာ။

    © 2022 Heart and Soul Group of Companies. All Rights Reserved. Designed By WebKomp. CM Web by K Network, Mandalay.